မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) က ပညာ့မိခင်အစီအစဉ်ဖြင့် ကျောင်းသူ(၁၂၀)ဦးအား ပညာသင်ထောက်ပံ့ပစ္စည်းများထောက်ပံ့
Sep 10,2023
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) က (၂၀၂၃-၂ဝ၂၄) ပညာသင်နှစ် ပညာ့မိခင်အစီအစဉ်ဖြင့် ပညာသင်ထောက်ပံ့ပစ္စည်းများဖြင့် ကျောင်းသူလေးများအား ကျောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀× လမ်း ၆၀ ထောင့်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးမှ ပညာရေးဝန်ထမ်းများ ဆရာ၊ဆရာမများ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များ၊ ကျောင်းသူများ တက်ရောက်ကြသည်။