သတင်းများ

မိုးမောက်မြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ
Sep 09,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် “First Aid In The Digital World” အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Sep 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်နှင့် ဆန်ကုန်သည်များပူးပေါင်း၍ ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေး
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သရက်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်နှင့် ဆန်ကုန်သည်များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက သရက်မြို့ အမှတ်(၅)တောင်မင်းတည်းရပ်ကွက် သိမ်ကြီးဓမ္မာရုံတွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေးခဲ့သည်။ 
ယင်းမာပင်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို အမှတ်(၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် Snack & Bakery အမျိးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်
Sep 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ‌ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး(Snack & Bakery)အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
ပန်းတောင်းမြို့နယ်ထုံးဘိုကျေးရွာ အုပ်စုအတွင်းရှိရေဘေးသင့်ရွှေပြောင်းနေ ထိုင်သည့် အိမ်ထောင်စုများ အားထောက်ပံ့ငွေများပေးအပ်
Sep 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ထုံးဘို ကျေးရွာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ချိုချို၊ မြို့နယ်စီမံအုပ်ချုပ်ရေ းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ နှင့် ခရိုင်အဆင့်/မြိ​နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှယမန်နေ့က ရေဘေးသင့်ရွှေပြောင်းနေထိုင် သည့်အိမ်ထောင်စုများအားထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့ကြောင့်သိရသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့မှ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံ
Sep 09,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့မှ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်နေ့ ညနေ (၄)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမတွင် မွန်၊ ကရင် တိုင်းရင်းသားနှင့် တွေ့ဆုံသည်။