မြောက်ဦး စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) (၅)နှစ် သင်တန်း၊ အမှတ်စဉ် (၁၁) သို့တက် ရောက်ရန်အတွက် ရေးဖြစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ် ရပ်ကွက် အ.ထ.က (ခွဲ) (အ.လ.က-၃) ကျောင်းစစ်ဆေးခဲ့ရာ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ရေးဖြေစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တက်ရောက်ရန် အတွက် ရေးဖြေ ဖြေဆိုသူစာရင်းရှိ (၆၃) ဦးရှိသည့်အနက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၈) ဦးရှိပြီး (၁၅) ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း) (၅)နှစ် သင်တန်း၊ အမှတ်စဉ်(၁၁)သို့ ရေးဖြေ ဖြေဆိုသူစာရင်းရှိ (၆၅) ဦးရှိသည့်အနက် မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်တို့အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးရှိပြီး (၁၅) ဦး ပျက်ကွက်ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်စိုး (ပြန်/ဆက်)