ဥတ္တရသီရိ စက်တင်ဘာ ၁၀
ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်း ဆေးရုံကြီးမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်က ဥတ္တရသီရိ မြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ သီရိမင်္ဂလာ စာသင်ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် ကျန်းမာရေး ဝန်ထမ်းများသည် ကျောင်းတိုက်နေ ဆရာတော်၊ သံဃာတော်များနှင့် ရပ်ကွက်၊ ကျေးရွာနေ နေပြည်သူများအား ကျန်းမာရေးအသိပညာပေး အကြောင်းအရာများကို ဆွေနွေးဟောပြောခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)