သတင်းများ

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ရုံးခန်းတွင် Youth Club စာဖတ်ဝိုင်း ကျင်းပ
Sep 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကောင်းစံသာ (ရေကြည်) ရေးသားသော”လူငယ်တွေဖတ်ဖို့ ဘဝအတွက်အတွေးအမြင်များနှင့်စိတ်ဓာတ်ခွန်အားဖြည့်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ
Sep 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး သင်တောင်းကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ(၁၁)ရက်နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မားရေး၊ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်
Sep 11,2023
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီဘုံကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘီးလင်းမြို့နယ် ကြမ်ဖန်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော်ဘန္ဒန္တမဟိဿရမှ ဩဝါဒဂါထာ မြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက်ပါရှိလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကို မြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် အင်မတန်မှမွန်မြတ်လှသလို ဝါခေါင်လချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင် ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့်ချည်ဖြူစသည့် အဓိကပစ္စည်း (၉) မျိုး ပါဝင်တာကို သိရှိရပါကြောင်း၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေပြီး မျိုးဆက်သစ်လူငယ်များမှ မိမိတို့၏ မိဘဆွေမျိုးများ၏ သွန်သင်ဆုံးမစကားများကို နာခံနိုင်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး လုပ်ဆောင်ပေးကြရန်နှင့် ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ
Sep 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်/စာစောင် ပြပွဲကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းရှိ ဧရာရတနာခန်းမ၌ ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ပြုလုပ်
Sep 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဘဝအတွက် ကျွမ်းကျင်းစရာသင်တန်း Life Skill Training ပို့ချသင်ကြား
Sep 11,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဘဝအတွက် ကျွမ်းကျင်စရာသင်တန်း Life Skill Training ပို့ချသင်ကြားခြင်းကို စက်တင်ဘာ(၁၀)ရက် နံနက် (၉)နာရီတွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week) လူငယ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားသို့တက်ရောက်
Sep 11,2023
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week) လူငယ်လှုပ်ရှားမှု ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကောင်းသူများ တက်ရောက်ခဲ့ကြသည်။