သတင်းများ

တောင်ငူမြို့နယ်၌ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင် နောင် အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များသည် တောင်ငူ မြို့နယ်၌ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ကျင်းပခဲ့သည်။
ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏၂၀၂၂-၂၀၂၃-ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကျင်းပ
Sep 10,2023
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်
Sep 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက် သော နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ တွင်ပြုလုပ်ခဲ့ကြသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ်နည်းပညာ သင်တန်း(ရက်ကန်းဒီဇိုင်း) ဆင်းပွဲကျင်းပ
Sep 10,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ်နည်းပညာ (ရက်ကန်းဒီဇိုင်း)သင်တန်း(ပထမအကြိမ်) ဆင်းပွဲအခမ်းအနားကို ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ကြိုးကြာကျေးရွာ၊ နှစ်ခြင်း ဘုရားရှိခိုးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်ဆင်းအမှာစကားပြောကြားပါသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
ချောင်းသာ မိုင်တိုင် ၃၀/၄ နှင့် ၃၀/၅ မြေကွက်၌ မျိုးစေ့ထုတ်ရန်အတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)စိုက်ပျိုးကြဲပက်ပွဲပြုလုပ်
Sep 10,2023
 ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့စိုက်ပျိုးကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်တိုင် ၃၀/၄ နှင့် ၃၀/၅ ရှိ တောင်သူဦးသန်းဇော်ပိုင် မြေကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။         
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
Sep 10,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်သည် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်းအနားကျင်းပ
Sep 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်း အနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က အမှတ်(၄) ရပ်ကွက်၊ မြို့ဝင်လမ်းဘေး၊ ဦးမောင်မောင်ကျင်၏ (၁)ဧကရှိမြေလွတ်မြေကွက်တွင် ကျင်းပပြုလုပ်ခဲ့ သည်။