လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်း သိမ်းအောင်ပွဲမင်္ဂလာကျင်းပ

လယ်ဝေး စက်တင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်း အနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဗောဓိကုန်းရွာ၊ ဗောဓိအောင်မြေဓမ္မရိပ်သာတွင် ကျင်းပသည်။

ရှေးဉီးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒတသုဇန ဆရာတော် အမှူးပြုသော ပင့်သံဃာ ၂၀ ပါး ကြွရောက် ချီးမြှင့်ခဲ့ပြီး ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညို ခဲ့ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မြိုဦးတိုက်သစ် သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တသုဇန (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဆရာ‌တော်သံဃာ‌တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဗောဓိကုန်းမိုးကုတ်ဓမ္မရိပ်သာ ကျောင်းတိုက်အတွင်း ဓမ္မယောဂီဆောင် ဆောက်လုပ် နိုင်ရန်အတွက် အလှူရှင် ဦးမြညိမ်း+ ဒေါ်မြင့်မြင့်သိန်း မိသားစုမှ ကျပ်သိန်းတစ်ရာလှူဒါန်းရာ ဆရာ​တော်ကြီးကိုယ်စား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်မှ လက်ခံ ရယူသည်။

ဆက်လက်၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး မြို့နယ်သာသနာ ရေးမှူး ဦးမျိုးဝင်းအောင်မှ နတ်ဗြဗ္မဟာများအား ဒေဝေါကာသကရဏ နတ်ပို့ဂါထာဖြင့် နတ်ဗြမ္မာများအား ပြန်လည်ပို့‌ဆောင်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို ပိတ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)