ကရသူရိမြို့၌ ရာဘာဈေးကောင်းရ၍ ရာဘာအစေးခြစ်သူများ ဝင်ငွေကောင်း

ကရသူရိ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ရာဘာအစေးခြစ်သူများသည် မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းရှင်များနှင့် အချိုးတူသော်လည်းကောင်း၊ သုံးချိုးတစ်ချိုး သော်လည်းကောင်း ရာဘာခြစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ယခုလတွင် ရာဘာအစေးပြား ဈေးကောင်းရ၍ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရသည်။

“ခြံပိုင်ရှင်နှင့်အချိုးတူလုပ်ကိုင်နေတာဖြစ်ပြီး မိမိကတော့လုပ်အားဘဲစိုက်ရတာပေါ့။ ကိုယ်ပိုင်ရာဘာခြံစို ဖက်ပျိုးမယ်ဆိုတာကလည်း မလွယ်ကူဘူးလေ။ စတင်စိုက်ပျိုးချိန်ကစပြီး အစေးခြစ် ယူရအချိန်ထိ အရင်းအနှီးကတော်တော်များတယ်။ ဒါကြောင့် ရာဘာခြံမစိုက်ပျိုးဘဲ မိမိ တတ်ကျွမ်းရာပညာ ဖြင့် အစေးခြစ်အလုပ်ကို အချိုးတူလုပ်ကိုင်နေတာဖြစ်ပါတယ်”။

 “ရာဘာအစေးခြစ်ယူဖို့အတွက် ခြံပိုင်ရှင်က အစေးခံခွက်၊  ရာဘာခြစ်ဓား၊ ရာဘာကြိတ်စက် စတဲ့ လိုအပ်တာကို ခြံပိုင်ရှင်က ကုန်ကျခံရတာဖြစ်ပြီး မိမိက အစေးခြစ်ယူခြင်း၊ ရာဘာအစေးပြား ပြုလုပ်ခြင်းနှင့် ခြံအတွင်း ‌ပေါင်းမြက်များရှင်းလင်းခြင်းတို့ကိုလုပ်ဆောင်ရကြောင်း၊ ရရှိသည့် အစေးပြားများကို ခြံပိုင်ရှင်နှင့်အတူအဝယ်ဒိုင်သို့ရောင်းချကာ အချိုးတူခွဲဝေရရှိကြောင်း၊ လက်ရှိ ရာဘာတစ်ပေါင်လျှင် (၁၃၀၀)ကျပ်ရရှိပြီး မိသားစုအတွက် ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း” ရာဘာ‌အစေးခြစ် သူတစ်ဦးထံမှသိရသည်။

ကရသူရိ(ပြန်/ဆက်)