ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ပထမအကြိမ် မြို့လုံးကျွတ်စုပေါင်း ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၀

ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီးကျင်းပသော ပထမအကြိမ် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဘဒ္ဒန္တအာစာရထံတော်မှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာ တော်များ ရွတ်ပွား ချီးမြှင့်တော်မူသော မေတ္တာ သုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်တို့အား ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက​ မြို့နယ်သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ ထံတော်မှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အ တွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့်ရဟန်းသာမဏေများ၊ သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း၊ အချိုပွဲများဆက်ကပ်ကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့ကိုလည်း နံနက်စာ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းနှင့် ဝါဆိုဝါကပ် တော်မူကြသော ရဟန်း ၁၃၇ ပါး၊ သာမဏေကြီး ၅၂ ပါး၊ သာမဏေ(ရှင်ကြီး) ၄၂ ပါး၊ သာမဏေ (ရှင်လတ်) ၁၁ ပါး၊ သီလရှင် ၂၈ ပါး စုစုပေါင်း ၂၇၀ ပါးတို့အား ရဟန်းတစ်ပါးလျှင် ကျပ် ၈၀၀၀၀၊ သာမဏေကြီးတစ်ပါးလျှင်ကျပ် ၆၇၀၀၀၊ သာမဏေ(ရှင် ကြီး)တစ်ပါးလျှင် ၅၅၀၀၀၊ သာမဏေ (ရှင်လတ်)တစ်ပါးလျှင် ၄၅၀၀၀၊ သီလရှင်တစ်ပါးလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၈၆၄၉၀၀၀ ကျပ်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)