မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်က စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  ကျောင်းသား၊ ကျောင်းသူများကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြီးနောက် "အနာဂတ်ရဲ့ လူငယ်များ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး‌  ကျောင်းသား၊ ကျောင်းသူများကို  ဝန်ထမ်းများ သယ်ဆောင်လာသော သုတ/ရသစာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များ ငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေးသူငယ်ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်း ဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ရာ‌ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)