သတင်းများ

ယင်းမာပင်မြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ
Sep 23,2023
ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ဦးဆောင်၍ ယမန်နေ့၊ နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှေ့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍများဆောင်ရွက်ရေး ဆွေးနွေး
Sep 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် လူငယ်လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club) စာပေမြတ်နိုးသူများမှ ဒေါက်တာခင်မောင်ညို ရေးသားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် “လူငယ်နှင့်ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ပါ  ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်က  ကျင်းပခဲ့သည်။
စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Sep 23,2023
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကိုကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ် တန်းကျောင်း၊ ပတ္တ​မြားခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ စံပယ်ခန်းမတွင် ယနေ့နံနက် (၉)နာရီက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။
လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဆွမ်းပဒေသာပင် လှူဒါန်း
Sep 23,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါတွင်းကာလ၌ သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွ သီတင်းသုံးနိုင်ရေးနှင့် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင်၊ အမ်းမြို့ အမှတ်(၂) တပ်မတော်‌ဆေးရုံ (ကုတင်၃၀၀) ၌ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်း
Sep 23,2023
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင် ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဦး ဦးဆောင်မှုဖြင့် အမ်းခရိုင် အမှတ်(၂)တပ်မတော်‌ဆေးရုံ (ကုတင် ၃၀၀)တွင် ယနေ့နံနက် ၈ နာရီက အမ်းခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
ငပုတောမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့ချ စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Sep 23,2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းက မြို့နယ် ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်း ပြုလုပ်သည်။