သတင်းများ

သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဝင်များက မျိုးစေ့ထုတ်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်စိုက်ပျိုး
Sep 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာကောင်းမွန်စေရန်အတွက် မျိုးစေ့ထုတ်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဇီးဖြူကွင်းကျေးရွာအုပ်စုရှိ မြေကွက်လပ်များ‌ပေါ်တွင် ပြုလုပ်ခဲ့ကြသည်။
နမ့်ခမ်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Sep 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
သဲကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ရှေးဦးပြုစုခြင်းအခြေခံအဆင့်သင်တန်းအမှတ်စဥ် (၂/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 24,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းအမှတ်စဥ် (၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း သဲကုန်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ်၊ ရေဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှုကွင်းဆင်း
Sep 24,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ် စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးအရာရှိဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရွာငံမြို့နယ်၊ ရေဦးကျေးရွာ၊ အခြေခံပညအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းတုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပန်းတုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂၇)ဦး တက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့တွင်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Sep 24,2023
လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်း ဖွင့်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က TWO ELEPHANT Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်(လခရ)တာဝန်ကျရဲတပ်ဖွဲ့၊ ရဲမှူး ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဇီဝိတဒါန သွေးလှူဒါန်း
Sep 23,2023
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်(လခရ)တာဝန်ကျရဲတပ်ဖွဲ့၊ ရဲမှူး ဦးဆောင်၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်က ဇီဝိတဒါနသွေးလှူဒါန်းခဲ့ကြပါသည်။
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး
Sep 23,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။