စမ်းချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပ

စမ်းချောင်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း အမှတ်()အခြေခံပညာအထက်တန်း ကျောင်း၊ စံပယ်ခန်းမတွင်  ယနေ့နံနက် ()နာရီက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက  အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာအေးစုမွန်ဝင်းမှ Grade-9အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းများကို အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည့်မေးခွန်းများကို  ခရိုင်ပညာရေးမှူး ဒေါ်သင်းသင်းမြတ်က ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

အခမ်းအနားသို့ အလုံခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြတ်ထိုက်၊ အလုံခရိုင်ပညာရေးမှူး ဒေါ်သင်းသင်းမြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ အမှတ်(၃)အခြေခံပညာအလယ်တန်း ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ကျောင်းသား ကျောင်းသူ  စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

နီလာစိုး