(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင်၊ အမ်းမြို့ အမှတ်(၂) တပ်မတော်‌ဆေးရုံ (ကုတင်၃၀၀) ၌ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်း

အမ်း စက်တင်ဘာ ၂၃

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင် ရဲတပ်ဖွဲ့မှ ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဦး ဦးဆောင်မှုဖြင့် အမ်းခရိုင် အမှတ် (၂) တပ်မတော်‌ဆေးရုံ (ကုတင် ၃၀၀)တွင် ယနေ့နံနက် ၈ နာရီက အမ်းခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းအား အမှတ်(၂)တပ်မတော်‌ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း ရည်ရွယ်ချက်ဖြင့်ရဲတပဖွဲ့ဝင်များက စုပေါင်းလှူဒါန်းကြခြင်း ဖြစ်သည်။

သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်သည် ရဲမေများ (၁၂) ဦး သွေးလှူဒါန်း နေမှုအား  ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်း ကြသူများအား ခရိုင်ရဲတပ်ဖွဲ့မှ အစာအဟာရအဖြစ် ကြက်ဥ၊ Sunkist အအေးဘူး၊ အဟာရမုန့်များနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း