သတင်းများ

ရေစကြိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် မူလတန်းကြိုသားငယ်/သမီးငယ်များအား ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပြုလုပ်သည်။
ကံမမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန) ၌ ယနေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများ အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “စိတ်ကို လှပအောင်ပြုပြင်နည်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 26,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆီဆိုင်-လွိုင်ကော် သွားလမ်းပေါ်၊ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ  မိုးရာသီ စိုက်ပျိုးစရိတ်အဖြစ် ကျေးရွာအုပ်စု(၁၁၀)မှ ကျေိးရွာအုပ်စု(၈၇)စု၊ ဇီးဖြူပင်ကျေးရွာအုပ်စုနှင့်ဆိပ်ကြီးကျေးရွာအုပ်စုအား ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 26,2023
မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ စလင်းမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့နေ့လည်ပိုင်းက ဇီးဖြူပင်ကျေးရွာအုပ်စု တောင်သူ(၁၂၀)ဦး၊ ဆိပ်ကြီးကျေးရွာအုပ်စုမှ တောင်သူ(၈၆)ဦး၊ စိုက်ပျိုးဧက (၁၀၄၈)ဧကအတွက် ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
သရက်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ
Sep 26,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပင်လောင်းမြို့၌ ပါဠိပထမပြန်စာမေးပွဲနှင့် ပရိယတ္တိသာသနပါလ စာပွဲတော်အတွက် အစည်းအဝေး ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ပထအကြိမ် စတင်ကျင်းပမည့် နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာဖြေဌာနနှင့် ပရိယတ္တိသာသနပါလ စာပွဲတော်အတွက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ရင်းမှီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ် ဒသမ ရှစ်ပေခန့်)ဆက်လက် ရေကျော်ကျ
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဆည်၏အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ် ဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။