ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလေး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club) စာပေမြတ်နိုးသူများမှ ဒေါက်တာခင်မောင်ညို ရေးသားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် “လူငယ်နှင့်ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ပါ  ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်က  ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက  စာဖတ်ဝိုင်း တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင် ဦးအောင်မင်းက “လူငယ်နှင့်ဘဝတစ်ခုတည်ဆောက်ခြင်း”စာအုပ်တွင် ပါဝင်သော အကြောင်းအရာများမှ “လူငယ်နှင့်အမှား”၊ “လူငယ်နှင့်အောင်မြင်ခြင်း”၊  “လူငယ်နှင့်တာဝန်သိမှု” စသည့် ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွား လာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ (Book Club) စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း ခရိုင်(ပြန်/ဆက်)