ယင်းမာပင်မြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

ယင်းမာပင် စက်တင်ဘာ ၂၃

ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ဦးဆောင်၍ ယမန်နေ့၊ နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှေ့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ယင်းမာပင်မြို့ရှိ ခရိုင်နှင့်မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆီပိဿာ (၂၀၀)ကို ဝန်ထမ်းတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သား ၂၆၀၀/- နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်