သတင်းများ

ကျွန်းလှ၌ စာဖတ်ဝိုင်းကျင်းပ
Sep 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိ ပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရပ်စောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အခြေခံပညာမူလတန်းကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း မှ လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များ ထပ်ဆင့်လှူဒါန်းခြင်း ကို ယမန်နေ့နံနက် ၉ နာရီက ရပ်စောက်မြို့ပေါ်ရှိ အမှတ်(၆)၊ အမှတ်(၇)နှင့် ဟိုပင်အခြေခံမူလတန်းကျောင်းများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး
Sep 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
တောင်ပြိုလက်ဝဲမြို့၌ ကျောင်းအခြေပြု သား အိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌  ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကိုအသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား ယနေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက် ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ထန်းတပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား  နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Sep 21,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။