သတင်းများ

ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှုဆောင်ရွက်ပေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့်ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ပြည်သူ့ဆေးရုံကြီးသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်တွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေး    
Sep 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့သစ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။    
ကျောက်ဆည်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်
Sep 21,2023
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ ဗဟုသုတ ရရှိစေရန် ယနေ့နံနက် (၉)နာရီခွဲက ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော ဒေါ်ခင်နွဲ့၏ အသားတိုး ဝက်မွေးမြူရေးခြံအား ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 21,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့်  စာပေဖတ်ရှုမှု၊ စာဖတ်ရှိန်စဉ်ဆက်မပြတ်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်၁၀နာရီကအမှတ် (၂)နှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ကွတ်ခိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။