စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဒဂုံ    စက်တင်ဘာ    ၂၃

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကိုကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ် တန်းကျောင်း၊ ပတ္တ​မြားခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယ​မြို့နယ်အုပ်ချုပ်ရေး​​မှူး ဦးမင်းခန့်သွင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီ အ.လ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဥမ္မာထွေးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အစီအစဥ်များ၊ သင်ကြားပါကရရှိလာမည့် အခွင့်အရေးများ ကိုအကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး​၊ လက်ထောက်ပညာရေးမှူး ဆရာကြီးဦးတင့်လွင်မှကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင် သိရသည်။

မိုးမိုးခိုင်