ငပုတောမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့ချ စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ငပုတော စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းက မြို့နယ် ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်း ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီ ဥက္ကဋ္ဌ ဦးလင်းကိုကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှူ တိုးတက်မြင့်မားစေရေး ကော်မတီဝင်များ တက်ရောက်ကြပြီး ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းကြဲပက်ခဲ့ကြကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)