သတင်းများ

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန၊ အ.ထ.က(၇)၊ အ.မ.က(ကြာဖူးငုံ)၊ အ.မ.က(မူလွန်) ကွမ်းခြံကျောင်းနှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတ/ရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်
Sep 26,2023
၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၅ ရက် မွန်းလွဲ ၁နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မိတ္ထီလာမြို့နယ်တွင် မိုးနေကြာ စိုက်ဧက ၂၀၅၀ စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင် 
Sep 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိုးနေကြာစိုက်ဧက ၂၀၅၀ စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၌ ဒေသထွက်ခရမ်းချဉ်သီးစျေး တစ်ပိဿာ "၁၀၀၀/ကျပ်နှင့်အောက်ကျဆင်းလာ
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ တစ်ပိဿာ"၁၀၀၀/ကျပ်နှင့်"၁၀၀၀/ကျပ်အောက်ထိ ကျဆင်းလာကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်
Sep 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၃) တပ်မတော်ဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ယမန်နေ့က လုံပုံးကျေးရွာအုပ်စု လွယ်လွမ့်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။
မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု ဘောလုံးအသင်းများပါဝင်သည့် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက မိုင်းရယ်မြို့နယ် မြို့မဘောလုံးကွင်း၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၈၀၀ ဖြင့် ဖြန့်ဖြူးရောင်းချ
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများကို စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၈၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club၊ Youth Club တို့ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 26,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ ပူးပေါင်း၍ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။