ကျောက်တံတားမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍများဆောင်ရွက်ရေး ဆွေးနွေး

ကျောက်တံတား စက်တင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် လူငယ်လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူငယ်ရေးရာကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး စာသင်ကျောင်းများ ရပ်ကွက်နေလူငယ်များ အခြေပြုဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်တွေ အသိပညာအတတ်ပညာများ ပြည့်စုံနေဖို့လိုအပ်ပါကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာကော်မတီများ၊ ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းများ၊ လူငယ်လူရွယ် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အကျိုးပြု ထိရောက်မှုရှိအောင် အလေးထားဆောင်ရွက်ကြစေလိုကြောင်းပြောကြားကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးကြသည်

ကျောက်တံတားမြို့နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များကို အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များကိုအခြေပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီထံ မှ သိရသည်။                  

(မြို့နယ်ပြန်/ဆက်)