လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဆွမ်းပဒေသာပင် လှူဒါန်း

လွိုင်ကော် စက်တင်ဘာ ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါတွင်းကာလ၌ သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွ သီတင်းသုံးနိုင်ရေးနှင့် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ ရဲတပ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် သစ်ပင်ခြုံနွယ်များကို ခုတ်ထွင် ရှင်းလင်းနေမှုများ၊  ရေစီး ရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့်အမှိုက်များသယ်ယူနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော်ထံ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ သင်တန်းနည်းပြဆရာတော်များနှင့် သင်တန်းသား သံဃာတော်များ တစ်နှစ်တာ ကာလအတွင်း ဆွမ်း၊ ကွမ်းဝေယျာဝေစ္စ ပြည့်စုံစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ဆွမ်းပဒေသာ ပင် ကျပ်(၁၄၀)သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ကန္ဒာဟေဝန် ပန်းခြံနှင့် နှစ်ရှည်ပန်းအလှပင်ပျိုးခြံ သို့သွားရောက်လှည့်လည်ကြည့်ရှု၍ ပန်းခြံအတွင်း မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် လွပ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို ပြုပြင် မွမ်းမံ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)