သတင်းများ

ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးများ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးအောင်နှင့် တာဝန် ရှိသူများက‌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ‌နေမှုများအား လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကြည့်ရှုအားပေး
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိုင်ဝိုင်းကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနှင့် မအူပင်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကွင်းဆင်းကောက်ယူလျက်ရှိရာ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း နှင့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်း‌ ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင် ခန်းမ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင် တည်ထောင်သည့် ဌာနနှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်မြို့၌ ကျင်းပပြုလုပ်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Oct 03,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ/အရာခံများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်းရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး‌နွေး
Oct 03,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေး‌နွေးခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊  ကြည့်မြင်တိုင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့၊ နံနက် ၁၀ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်စနစ်ကို eComReg System တွင်စတင်၍ မှတ်ပုံတင်နိုင်ရေးအသိပညာပေးခြင်းနှင့်  ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Oct 03,2023
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့မှစတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို  ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System ဖွင့်လှစ်ပွဲအခမ်းအနားတွင် သိရှိရသည်။