ကန့်ဘလူ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးများ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးအောင်နှင့် တာဝန် ရှိသူများက အောက်တိုဘာ ၂ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့နယ်မှ တောင်သူဦးသောင်းငွေ၏ မိုးစပါးစိုက်ပျိုး ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရာသီ၌ မိုးစပါး စိုက်ပျိုးရန် ၁၄၀၅၁၄ ဧက လျာထားခဲ့ရာ စက်တင်ဘာလကုန်တွင် မိုးစပါး ၁၅၁၁၁၀ ဧက စိုက်ပျိုးပြီးစီး ခဲ့ရာ လျာထားချက်ပြည့်မီကျော်လွန်၍ ၁၀၅၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။
ဒေသခံတောင်သူလယ်သမားများ မိုးစပါးသီးနှံများ စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်စေ ရေး၊ အချိန်ကိုက် မြေဩဇာကျွေးခြင်း၊ ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ သရုပ်ပြပွဲများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်