သတင်းများ

မိုးညှင်းမြို့၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်
Oct 03,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိမ်စကားပြောသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီ က ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ကသာမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးလျက်ရှိ
Oct 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီအချိန်ခန့်က မိုင်းစံမြို့ အ-ထ-ကကျောင်းသို့ ငှားရမ်းပေးလျက်ရှိသည်။
ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်
Oct 03,2023
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​ နေရာချထား​ရေးဝန်ကြီးဌာန၊​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​ကြောင့် ဒဏ်ရာရသူများ၊ ​မီး​ဘေးသင့် လူ​နေအိမ်နှင့်အိမ်ထောင်စုများအား၊ အလတ်တလော သက်သာ ချောင်ချိစေရန် ရည်ရွယ်၍ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ​ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှု၊ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/ ၂၀၂၃) ဖွင့်လှစ်
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာ ပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီး ဌာနက ကြီးမှုးဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကျုံသင်နယ်မြေ၊ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
ရေဦးတွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက ဒေသခံပြည်သူများ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီ ပြင်ပပေါက်ဈေးထက် ထက်၀က်ခန့်သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်း ချပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနား တက်ရောက်
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်း အနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ရှိချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွား ရိပ်သာမှ အဘိုး၊အဘွားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။