Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သထုံမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၊ သင်ကြားသင်ယူမှု အထောက်အကူပြုခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲပြုလုပ်
Oct 03,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်နှင့် စာကိုပြေပြေပြစ်ပြစ် တန်ဆာဆင်ရေးတတ်စေရန်အတွက် ရည်ရွယ်၍ စာစီ စာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့ အမှတ်(၂)အခြေခံညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 03,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ပညာ့ အားမာန်” ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် အယ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် သက်ရောက်မှုဆိုးကျိုးများအပေါ် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး
Oct 03,2023
တောင်တွင်းကြီးမြို့နယ်တွင် အယ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် သက်ရောက်မှုဆိုးကျိုးများအပေါ် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်ချနေ တစ်တင်း ၅၇၀၀၀ ကျပ်ရောင်းချနေရ
Oct 03,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ရာ ဈေးနှုန်းကောင်းရရှိရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ဝက်ကြီးအင်း အနောက်ရပ်တောင်သူ ဦးကျော်စိုးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ်၊ လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Oct 03,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဆော်ဘီးကျေးရွာနှင့် ရွေတောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များသင်ယူလေ့ကျင့်နိုင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင် ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များသင်ယူလေ့ကျင့်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က(မိုင်းဆတ်)မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Oct 03,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9286
Page
9287
Page
9288
Page
9289
Current page
9290
Page
9291
Page
9292
Page
9293
Page
9294
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department