ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ဟင်္သာတ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင် ခန်းမ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင် တည်ထောင်သည့် ဌာနနှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်ဖြစ်ပေါ် လာပုံသမိုင်းကြောင်း​၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများအကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သော ပြည်ထောင်စုဝန်ကြီးများအကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မူဝါဒအကြောင်းအရာများအား ရှင်းလင်းပြောကြား ခဲ့‌ပြီးနောက် ကွန်ပျူတာစနစ်နှင့် နည်းပညာ မဟာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ကြူကြူက ကွန်ပျူတာစနစ်နှင့် နည်းပညာဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ သုတသိပ္ပံမဟာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ သဲသဲစိုးက သုတသိပ္ပံဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များအားလည်းကောင်း၊ ကွန်ပျူတာသိပ္ပံမဟာဌာနမှ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါက်တာ အိအိမွန်က ကွန်ပျူတာသိပ္ပံဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ သတင်း အချက်အလက် နည်းပညာထောက်ပံ့ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနမှ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်မျိုးမျိုးခင်က သတင်းအချက်အလက် နည်းပညာ ထောက်ပံ့ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ဘာသာရပ်အရည်အသွေး တိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ သဘာဝသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်နော်ဝေဝေဆင်က သဘာဝသိပ္ပံဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ တွက်ချက်ရေးမဟာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ သဲသဲထွေးက သင်္ချာဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဘာသာစကား(အင်္ဂလိပ်စာ)ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါ်‌ချောအိစုက အင်္ဂလိပ်စာဘာသာရပ် အရည်အသွေး တိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဘာသာစကား(မြန်မာစာ)ဌာနမှ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ချယ်ရီထွန်းက မြန်မာစာဘာသာရပ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ သင်တန်းရေးရာဌာန ဌာနမှူး ဒေါ်စန်းစန်းမြတ်က ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် ဖွင့်လှစ်ခဲ့‌သောသင်တန်းများနှင့် နောင်လာမည့် ပညာသင်နှစ်များတွင် ထပ်မံဖွင့်လှစ်ပေးမည့် သင်တန်းများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။၊

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၇)တွင် အဆင့်(၈)ရရှိခဲ့သော ကွန်ပျူတာသိပ္ပံမဟာ ဌာနမှ ကထိက ဒေါ်ကြူကြူဝင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကို ဦးဆောင်ဦးရွက် ဆောင်ရွက်ပေးခဲ့သည့် သုတသိပ္ပံမဟာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်လဲ့ရည်ဝင်းလွင်တို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်‌အောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး ဌာနနစ်ပတ်လည်နေ့ အထိမ်း အမှတ် မှတ်တမ်းဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်‌အောင်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)