သတင်းများ

ကော့သောင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရယ်များ၊ လူမှုဘေးဒုက္ခအဝဝများကို ခေတ်မီနည်းစနစ်များ၊ ခေတ်မီအထောက်အကူပြုစက်ကိရိယာများဖြင့် ကူညီနိုင်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ကျေကျေပွန်ပွန် ဆက်လက်ထမ်းဆောင်နိုင်တတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိအောင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉နာရီအချိန်က လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)ကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှ၌ ပြည်သူများအား စာသုံးဆီဈေးနှုန်းသက်သာစွာ ရောင်းချပေး
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြည်သူများ စားသုံးဆီဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့မစည်ပင်သာယာဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာ‌ပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
Oct 03,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာ ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။
ထန်းတပင်မြို့နယ်၌ အသက်(၂) နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Oct 03,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆိပ်ကြီးကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ကော့သောင်းခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 03,2023
တနင်္သာရီဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် CAPI စနစ်ကိုအသုံးပြု၍ ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပုလုံးတုံးတုံးကျေးရွာနှင့် ဘုရင်နောင့်ရပ်ကွက်တို့တွင်  ယနေ့နံနက် (၈)နာရီက  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ
Oct 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ကျင်းပခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 03,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသားများကို အားကစားနှင့် ကျန်းမာရေးအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။