မုံးကိုးမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
Oct 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့(၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံးကိုးမြို့ နယ်မြေသာယာရေး စခန်းမှူး ဦးသောင်းထွန်း ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီက တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအား ရည်စူးအလှူအတန်း ပြုလုပ်ပြီး ရဲစခန်းအန္တရာယ်ကင်း ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများကပ်လှူခြင်း ပြုလုပ်ခဲ့ပါသည်။