သတင်းများ

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ခေင်္ဂဘုရားဝင်းအတွင်းရှိ ဘုရားအမှတ် ၁၈၃၁ ဖူးမြော်ပြီး ဘုရားတည်ဆောက်ပုံဗိသုကာပညာနှင့်နံရံပန်းချီအချို့ကိုလေ့လာနိုင်
Oct 03,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသဘုရားအမှတ် ၁၈၃၁ ဂူဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့်ဂူဘုရားအတွင်းရှိ ဆင်းတုတော်များ ဖူးမြော်ပြီး နံရံပန်းချီအချို့ကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရသည်။
ချောင်းဆုံမြို့နယ်တွင် ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းစေရေး “လူငယ်စကားဝိုင်း” ကျင်းပ
Oct 03,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အောက်တိုဘာလ (၂) ရက်နေ့က ကလွီ (အ.ထ.က) ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Oct 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ(၂)ရက် ညနေ(၃)နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (အငြိမ်းစားဝန်ကြီး) ဦးသောင်းနှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ် ဆရာကြီး ဒေါက်တာ မျိုးသူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ နံသာတောင်ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသော ဆရာ၊ ဆရာမများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Oct 03,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ နယ်စပ်ဒေသ နံသာတောင် ပညာဒါန ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသောဆရာ ၊ဆရာမများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အသိပညာပေးဟောပြောခြင်း နံရံပိုစတာပြသခြင်းဆောင်ရွက်
Oct 03,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခြင်း၊ နံရံကပ်ပိုစတာပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက အမက (ထိန်ကုန်း) စာသင်ကျောင်း၌ ပြုလုပ်သည်။
သာယာဝတီမြို့နယ်တွင် ကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Oct 03,2023
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌သာယာဝတီမြို့နယ်၊‌ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမ၌ အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Oct 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာလ (၂)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။