မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ‌နေမှုများအား လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကြည့်ရှုအားပေး

မအူပင် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိုင်ဝိုင်းကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနှင့် မအူပင်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကွင်းဆင်းကောက်ယူလျက်ရှိရာ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း နှင့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်း‌ ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများအား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကိုကိုကျော်၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးခင်မောင်အေးဦးဆောင်၍ ကျေးလက်ကောက်ကွက် (၆) ကွက်အား စာရင်းကောက်အဖွဲ့ (၂)ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းမှာ ပင်မသန်းခေါင်စာရင်းကောက်ယူရန် (၁)နှစ် အလို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမှာဖြစ်ပြီး သန်းခေါင်စာရင်း လုပ်ငန်းစဉ်များ ဖြစ်သည့် သန်းခေါင်စာရင်းများကောက်ယူခြင်း၊ အချက်အလက်များရေးသွင်းခြင်း၊ စာရင်းဇယားပြုစု ခြင်းနှင့် သန်းခေါင်စာရင်းရလဒ်များ စမ်းစစ်ခြင်းစသည့် လုပ်ငန်းစဉ်များအား စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)