ကြည့်မြင်တိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကြည့်မြင်တိုင် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊  ကြည့်မြင်တိုင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့၊ နံနက် ၁၀ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးဝတ်စုံ၊ ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့တက်ရောက်ပြီး သင်တန်းကာလမှာ အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

 ခိုင်ဇာလင်း