ကန့်ဘလူ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်နှင့် နောင်ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ် လူရွယ်များ၊ ဝန်ထမ်းများအား မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပညာကိုလုပ်ငန်းခွင်များတွင် အကျိုးရှိစွာ အသုံးချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နည်းပြဆရာ ဦးကျော်သီဟက သင်တန်းသားများအနေဖြင့် သင်ယူထားသည့် ပညာများကို စဉ်ဆက်မပြတ် လေ့ကျင့်အသုံးချစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာနှင့် သင်တန်းသား/ သင်တန်းသူများက မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို သြဂုတ်လ ၂၃ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့၍ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်