ငဖဲ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID) ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၄၁၈ ဦးအား Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင် ဦးဆောင်သောဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ Biometric (UID)ကတ်များ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၄၁၈ ဦး ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ငဖဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၉၉၁ ဦးရှိရာ ယနေ့ထိ Biometric (UID)ကတ် ၄၁၈ ဦး ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)