သနပ်ပင်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ

သနပ်ပင် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်ဌေးနှင့်ဝန်ထမ်းများက သနပ်ပင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသောအငြိမ်းစားများ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါ UID ကတ်များဆောင်ရွက်နေမှုကို  လဝကမှူးဦးရန်နိုင်ဦး၊ လက်ထောက်လဝကမှူး ဦးတင်ကိုလတ်၊ စာရင်း‌ကောက်‌ဒေါ်ချိုချို‌အေး၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)