ရေတာရှည် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ထုတ်ကုန်လုံခြုံမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသောက်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက စားသောက်ဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် ထုတ်ကုန်လုံခြုံမှုဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်တို့က ဆိုင်အတွင်းအပြင် သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များသန့်ရှင်းမှုရှိ/မရှိ၊ စားဖိုမှူးနှင့် စားပွဲထိုးများ အစားအသောက်ပြင်ဆင်ရာတွင် သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရေတာရှည် (ပြန်/ဆက်)