တံတားဦး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID(Unique Identity) ကတ်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးတင်စိုးနှင့်ဝန်ထမ်းများက Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ လက်ဗွေများအား Scan ဖက်ခြင်းနှင့် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး UID(Unique Identity)ကတ်များ လက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးထားသော အငြိမ်းစားများ၏ UID နံပါတ်များကိုရယူ၍ အချက် အလက်များကို မြန်မာ့စီးပွားရေးဘဏ်၏ Centratized e – Pension အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)