မိုးနဲမြို့နယ်၌ ချောင်းရေမြင့်တက်မှုကြောင့် စိုက်ပျိုးပြီးစပါးခင်းများအတွင်း ရေဝင်ရောက်မှုအား ကွင်းဆင်းကြည့်ရှု

မိုးနဲ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ၂၄ ရက်နေ့ အထိမိုးများရွာသွန်းခဲ့ပြီး မိုးရေတောင်ကျရေများကြောင့် နမ့်စလိုင်ချောင်းနှင့် နမ့်တွန်ချောင်းများမှ ချောင်းရေများမြင့်တက်ပြီး စိုက်ပျိုးပြီးသောစပါးခင်းများအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် တောင်သူများက နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်းများ ရေတက်လာခြင်းကြောင့် မိုးစပါးစိုက်ပျိုးပြီး စိုက်ခင်းများရေလွမ်းမိုးမှုဖြစ်ပေါ်မှုများစာရင်းကောက်ယူခြင်းနှင့် စပါးပျိုးခင်းများပျက်စီးမှုမဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)