ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဘော့ချိတ်ပုစွန် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ် (၁၂)ရပ်ကွက် ဒုတိယလမ်းမကြီးဘေးရှိ အခွန်လွတ်စျေးတွင် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဘော့ချိတ်ပုစွန် (၁)ပိဿာလျှင် ငွေ (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲ အချိန်က အဆိုပါ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။