၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်

မြန်အောင် အောက်တိုဘာ ၁၇

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြန်အောင်ခရိုင်အတွင်း အသက်ကြီးဆုံး အဘိုးတစ်ဦး၊ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် မြန်အောင် ဘိုးဘွားရိပ်သာအတွက် ငွေပဒေသာပင်အလှူငွေများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြန်အောင်ခရိုင်အတွင်း အသက်ကြီးဆုံး အဘိုးတစ်ဦးဖြစ်သူ မြန်အောင်မြို့နယ် ညောင်ချင်ကျေးရွာအုပ်စု၊ ဗလန်းစိန်ကျေးရွာမှ အသက် (၁၁၁)နှစ်ရှိ အဘိုးဦးထွန်းအား အလှူငွေ(၁၀၀၀၀၀)ကျပ်၊ မြန်အောင် ဘိုးဘွားရိပ်သာအတွက် ငွေပဒေသာပင် အလှူငွေ(၅၀၀၀၀၀)ကျပ်နှင့် ရိပ်သာရှိ အဘိုး/အဘွား တစ်ဦးလျှင် (၁၅၀၀)ကျပ် လှူဒါန်းထောက်ပံ့ငွေတို့အား မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)