သတင်းများ

ဘုတ်ပြင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညား ဟောပြောပွဲ၊ နံရံကပ်စာစောင်များ ပြသ
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန  စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 21,2023
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်း၊ Youth Club အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃နာရီ အချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံနေမှု (၉၀)ရာနှုန်း ပြီးစီး
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင်တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးက ရေ ကန်တော်နှင့် စေတီတော်တို့ကို လှူဒါန်းခဲ့လေသည်။ ၎င်းတို့မှာ ချောင်းငယ်ဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့် ရာဇမင်္ဂလာကန်တော်ပင်ဖြစ်ပြီး ထိုမင်္ဂလာ ကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖတ်ဝိုင်းကျင်းပ
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာပေဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ် စေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး
Jul 21,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2023
နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး
Jul 21,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပေါင်မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မူလတန်းအဆင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 21,2023
ကျောင်းသားလူငယ်လေးများ စာကြည့်တိုက်သို့ ပျော်မွေ့စေရန် ရည်ရွယ်၍ မူလတန်းအဆင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။