သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် Bow ကလစ် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Oct 17,2023
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီက Bow ကလစ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ တက်ရောက်
Oct 17,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(တောင်)ကျေးရွာ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
တာမွေမြို့နယ်တွင် ဆံညှပ်ဘိုးကလစ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Oct 17,2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀) နာရီခွဲအချိန်က Women Club အဖွဲ့၏စီစဉ်မှုဖြင့် ဆံညှပ်ဘိုးကလစ် ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးကြက်မွေးမြုရေး၊ ရေကျနောက်စိုက် စပါးစိုက်ပျိုးရေးများက ချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Oct 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ဒုတိယအသုတ် အသားတိုးကြက်မွေးမြုရေး၊ ရေကျနောက်စိုက် စပါးစိုက်ပျိုးရေး လုပ်ငန်းများက ချေးငွေရယူ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့၌ စွန့်ပစ်ပစ္စည်းဆိုင်ရာလုပ်ငန်းစီမံချက်အရ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်
Oct 17,2023
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီး၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ပုဏ္ဏားကျွန်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ PDYO လူမှုကူညီရေးအသင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဓာတ်စေတော်မြတ်ကြီးရင်ပြင်၌ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ပွဲဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် မြို့နယ်ခန်းမ တည်ဆောက်နေမှုအခြေအနေများအား စစ်ဆေး
Oct 17,2023
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာ အထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိလာရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
နောင်တရားဒေသ၌ ဆောင်းကြက်သွန်ဖြူ စတင်စိုက်ပျိုး
Oct 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းကြက်သွန်ဖြူ စတင်စိုက်ပျိုး လျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ၌ စာဖတ်ဝိုင်းကျင်းပ
Oct 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ‌အောင်သင်း ရေးသားထားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်အား ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။