ကြံခင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၊ မုခ်ထုတ်ကျောင်းဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းခြင်းနှင့် ထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ မဖြစ်စေရေးအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် ပြည်သူလူထုအခြေပြုထိုးနှံသူ (၂၃)ဦးနှင့် ကျောင်းအခြေပြုထိုးနှံရန် ကျန်ရှိသူ(၃)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူလူထုအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ (၂၇)ရက်နေ့ထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့များခွဲကာ သတ်မှတ်ကာလအတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)