သတင်းများ

ပုဗ္ဗသီရိမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေ ပေးအပ်
Oct 17,2023
ပုဗ္ဗသီရိမြို့နယ်၊ ပုဗွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Oct 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းတွင်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိ၊ မီးသတိရှိစေရေး အသိပညာပေးဟောပြော
Oct 16,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့မွန်းလွဲ ၂ နာရီက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက် (ယာယီနေရပ်စွန့်ခွာသူများစခန်း) သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ အယ်နီညိုနှင့် လာနီညာရာသီဥတုကြောင့်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 16,2023
အယ်နီညိုနှင့် လာနီညာရာသီဥတုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်နိုင်ခြေလျော့နည်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်မှ အင်းဂရန်ကိုင် ဦးစိုးသူလွင်၏ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်သည်။
စုကလိမြို့ရှိ ပြောင်းစိုက်တောင်သူများ စျေးကောင်းရရန်မျှော်လင့်
Oct 16,2023
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပြီး အစေ့ထုတ်ပြောင်းများအား အဓိကစိုက်ပျိုးပြီး ထိုင်းနိုင်ငံဖြင့် အကျိုးတူဆောင်ရွက်ကြသည်။
တောင်သာမြို့နယ် ရွှေပြည်တော် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး
Oct 16,2023
မန္ဆလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ရွှေပြည်တော်ကျေးရွာတွင် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆၀) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများ စာပေဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Oct 16,2023
ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။