သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ EVM စက်အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲကျင်းပ
Oct 17,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (EVM) စက် အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ မော်တော်ယာဉ်ပေါင်း ၇၆ စီးအား ရှောင်တစ်ခင် စစ်ဆေးဆောင်ရွက်
Oct 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်၊ ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းတွင် မော်တော်ယာဉ် ၂၁စီး၊ မော်တော်ဆိုင်ကယ် ၅၅ စီးအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့၌ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Oct 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၆ နာရီခွဲက ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စာရေးဆရာ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ရေးသားသည့် "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆရာဝန်ကြီးများ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး
Oct 17,2023
ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် မုံရွာခရိုင်အတွင်းရှိ မိဘပြည်သူများအတွက် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများကို အောက်တိုဘာလ ၁၆ ရက်၊  ယမန်နေ့နံနက်ပိုင်းက  စတင်ပြီး ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကလောမြို့နှင့်အောင်ပန်းမြို့များသို့ သန့်ရှင်းသောသောက်သုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက်  စိတ်ဝင်စားမှုအဆိုပြုလွှာ Expression Of Interest(EOI) စိစစ်ရွေးချယ်
Oct 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကလောမြို့နှင့် အောင်ပန်းမြို့များသို့ သန့်ရှင်းသော သောက်သုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression Of Interest (EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ကျင်းပခဲ့သည်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်
Oct 17,2023
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြန်အောင်ခရိုင်အတွင်း အသက်ကြီးဆုံး အဘိုးတစ်ဦး၊ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် မြန်အောင် ဘိုးဘွားရိပ်သာအတွက် ငွေပဒေသာပင်အလှူငွေများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ပြိုင်ပွဲများနှင့်အသိပညာပေးဟောပြောပွဲကျင်းပ
Oct 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ဖိတ်ခေါ်ကျင်းပသည့် ပန်းချီ၊  ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။