တောင်ဥက္ကလာပမြို့နယ်တွင် Bow ကလစ် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Oct 17,2023
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီက Bow ကလစ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။