မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးအခမဲ့စမ်းသပ်စစ်ဆေးကုသပေးမည်

မြို့သစ် အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ် စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာလ၁၈ရက်နေ့မှစတင်၍ အပတ်စဥ် (ဗုဒ္ဓဟူးနေ့)တွင် မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာများကုသဆောင်၌ နံနက်၉နာရီမှ ၁၂နာရီအထိ  နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား သွေးတိုး၊ ဆီးချို၊ နှလုံးအခမဲ့စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)