တပ်ကုန်းမြို့၌ ပြိုင်ပွဲများနှင့်အသိပညာပေးဟောပြောပွဲကျင်းပ

တပ်ကုန်း အောက်တိုဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ဖိတ်ခေါ်ကျင်းပသည့် ပန်းချီ၊  ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင်  Star Crown ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များအာ  ပြောကြားပြီးနောက် ပန်းချီပြိုင်ပွဲတွင် ၂၂ ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ၁၅ ဦး၊ ပုံပြောပြိုင်ပွဲတွင် ၂၀ဦး ၊ စုစုပေါင်းကျောင်းသားကလေးငယ် ၅၇ ဦး ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသားကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကျောင်းသား ကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ဇော် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင် စာရေးဆရာမသင်းသင်းလှိုင် (သင်းသင်းလှိုင် -တပ်ကုန်း) နှင့်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ဝေဖြိုးတို့က ဆုတံဆိပ်နှင့်ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

တင်စိုးလွင်